4 July 2013

မူးယစ်ဆေးဝါးအလွဲသုံးစားမူ နှင့် တရားမဝင် ရောင်းဝယ်မူ့ တိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါး ၆၄ သန်းကျော် ဖျက်ဆီးခဲ့




” ယခုနှစ်ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးပမာဏသည့် ၆၄ သန်းကျော်ဖြစ်ပြီး မနစ်က ဖမ်းဆီးရမိသည့် မူးယစ်ဆေးပမာဏဖြစ်သည့် ၈၂.၃ သန်းထက်ဆလျှင် လျော့နည်းလာသည် ဖြစ်ကြောင်း မူးယစ်ဌာနမှ ဦးစီးမှူး ဦးစောလေးဝါး က ပြောသည်။

မပာာပျူပာာ ၂ ရပ် နည်းပျူပာာ ၆ ရပ် တို့ကို ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါသည်။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေသာမကဘဲနဲ့ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်ထားပြီးပူးပေါင်းဆောင်ရွက်မှသာလျှင် မူးယစ်ဆေးဝါး ပပျောက်လာနိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးဝင်းထွန်း မှ ပြောသည်။

ဖမ်းဆီးမူအနေနဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ဘိန်းစိမ်း(၁၄၇၀) ကီလို ၊ ဘိန်းဖြူ (၃၃၅) ကီလို ၊ ဘိန်းညို(၄၅) ကီလို ၊ စိတ်ကြွဆေးပြား(၁၈) သန်းကျော် ၊ ဆေးခြောက် (၈၀) ကီလို၊ ဘိန်းစာမှုန့် (၃၃၀) ကီလို ၊ အိုက်စ်(၁၅၂)ကီလို ၊ အက်ဖိဒရင်း(၃၅၈)ကီလို နဲ့ ဆုဒိုအက်ဖီဒရင်း (၆၉၄၆) ကီလိုအထိ ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။

သဘာဝ အခြေခံသဘောအရ စဉ်းစားမယ်ဆိုရင် များများ တွက်လာရသည့် အကြောင်းအရင်းက များများစိုက်လို့ပါဘဲ။ များများ ဘာလို့ စိုက်ကြသလည်း ဆိုတော့ မစိုက်ရဘူး ဆိုတဲ့ အသိသူတို့ ခေါင်းထဲမှာ မရှိဘူး။ အဲ့အတွေးအခေါ်အယူအဆ ကိုပြောင်းလဲနိုင်ဖို့အရေးကြီးပါတယ်။ ဘိန်းဖျက်နေရုံနဲ့မပြီးသေးဘူး။
ဘိန်းစိုက်တဲ့ တောင်သူတွေနဲ့ တည်ရှိနေတဲ့ ရွာသူရွာသားများက ဘိန်းမစိုက်လည်း လုပ်ကိုင်စားသောက်လို့ ရတယ် ဆိုတဲ့ အသိကိုပေးဖို့လိုပါတယ် ပာု အဆိုပါ ရဲမှူးကြီး က ဆက်လက်ပြောသည်။

ယူအန်အိုဒီစီ သည် ရှမ်းပြည်နယ် တောင်ပိုင်းပာိုပုံး ၊ လွိုင်လင် နှင့် ပင်လုံမြို့နယ်များတွင် ရိက္ခာဖူလုံရေး စီမံကိန်း များဆောင်ရွက်လျှက်ရှိပါတယ်။ ဝေးလှံခေါင်ဖျားတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေကို ကောင်းမွန်အောင်ဆောင်ရွက်ရင်းနဲ့ အစားထိုး သီနှံများကိုလည်း ဈေးကွက်ကောင်းရရှိအောင်ဆောင်ရွက်မှ ဘိန်းစိုက်ပျိုးမှု့ ပပျောက်လာမည် ဖြစ်သည်ပာု UNODC မှ စီမံကိန်းညှိနိုင်းရေးမှူး ဦးတင်မောင်မြင့် ကပြောသည်။
ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဘိန်းဖျက်ဆီးမူ့ ၂၆ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်

နေလင်းသိုက် (တောင်ကြီး)

No comments: